CSR Program
SK Innovationဟာ ဒီရေတောများပြန်လည်ပျိုးထောင်ရးစီမံကိန်းကို မြန်မာအထိ တိုးချဲ့ခဲ့တယ်
2020.12.18 | SKinno News

 

မကြာသေးမီက ဖော်ပြခဲ့သည့်အတိုင်း SK Innovationဟာ ဒီရေတောများပြန်လည်ပျိုးထောင်ရးစီမံကိန်းကို ကမ္ဘာအနှံ့တွင် တက်ကြွစွာ တိုးချဲ့လုပ်ဆောင်လျက်ရှိတယ်။ မနှစ်က SK Innovation ၏ လက်အောက်ခံ ကုမ္ပဏီနှစ်ခုဖြစ်တဲ့ SK Energy နှင့် SK Trading International တို့ဟာ လက်ရှိ မြန်မာနိုင်ငံအတွင်း ရေနံဖြန့်ဖြူးနေတဲ့ Best Oil Company (BOC)မှာ အစုရှယ်ယာ ၃၅% ကိုဝယ်ယူပြီးနောက် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ဆောင်လာကြတယ်။ ထိုသို့ စတင်လုပ်ဆောင်လာခဲ့ပြီး ဒီနှစ်မှာတော့ ပထမဉီးဆုံးနှစ်အဖြစ် SK Innovationဟာ ဒီရေတောများပြန်လည်ပျိုးထောင်ရး စီမံကိန်းကို လုပ်ဆောင်ပြီးစီးခဲ့တယ်။

 

▲ SK Innovation မှ ရန်ပုံငွေထောက်ပံ့ခဲ့သော မြန်မာနိုင်ငံ ဒီရေတောများပြန်လည်ပျိုးထောင်ရေးစီမံကိန်း

 

SK Innovationဟာ ဒီရေတောများပြန်လည်ပျိုးထောင်ရးစီမံကိန်းအား မြန်မာနိုင်ငံတွင် အရေးကြီးသည့်လုပ်ငန်းတစ်ခုအဖြစ် အကောင်အထည်ဖော်ရန် ရွေးချယ်ရခြင်း၏ အကြောင်းရင်းမှာ ၂၀၁၈ခုနှစ်အတွင်း ဗီယက်နမ်တွင် စတင်ခဲ့ခြင်း အကြောင်းအရင်းနှင့် ဆင်တူသည်။ မြန်မာနိုင်ငံသည်လည်း ဒီရေတောများလျင်မြန်စွာ ပြုံးတီးခြင်း ပြသနာကို ရင်ဆိုင်နေရတယ်။ စင်ကာပူအမျိုးသားတက္ကသိုလ်ရဲ့ မကြာသေးမီက လုပ်ဆောင်ခဲ့သော လေ့လာမှုအရ ၂၀၀၇ခုနှစ်မှ ၂၀၁၆ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ဒီရေတောများ၏ ၆၀%ကျော်သည် အခြားသော ရည်ရွယ်ချက်များအဖြစ် အသုံးပြုခံနေကြရတယ်။ တိုင်းပြည်တွင်း ဒီရေတောများ ဖျက်ဆီးခံရမှုမှာ စိုးရိမ်ဖွယ်ရာဖြစ်တယ်။ ဒါကြောင့် SK Innovationဟာ မြန်မာနိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတစ်ခုအနေနဲ့ ယခုနှစ်အစောပိုင်း၌ မြန်မာနိုင်ငံတောင်ပိုင်း လက်ခုပ်ကုန်းဒေသတွင် ဒီရေတောများ ပြန်လည်စိုက်ပျိုးရေးကို စတင်လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့တယ်။

 

 

လက်ခုပ်ကုန်းဒေသဟာ ရန်ကုန်မြို့ရဲ့ တောင်ဘက်ပိုင်းမှာ တည်ရှိပြီး မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့လည်း ဖြစ်တယ်။ SK Innovationဟာ Asian Forest Cooperation Organization (AFoCO)(1)နှင့် United Nations Environment Programme (UNEP) National Committee for the Republic of Koreaတို့နဲ့ ပူးပေါင်းကာ ဇူလိုင်လတွင် မြန်မာဒီရေတောများပြန်လည်ပျိုးထောင်ရေးစီမံကိန်းကို စတင်ခဲ့တယ်။ ယခုလအထိကို လက်ခုပ်ကုန်းဒေသရဲ့ ၁၈ဟက်တာ အကျယ်အဝန်းရှိတဲ့ ဧရိယာမှာ လမုပင်ပေါင်း ၄၅၀၀၀ ခန့် စိုက်ပျိုးခဲ့တယ်။ ယခုနှစ်မှာတော့ COVID-19ကြောင့် စိုက်ပျိုးရေးလုပ်ငန်းများအား AFoCO, UNEP Korea နှင့် ဒေသန္တရအစိုးရတို့ရဲ့ ကြီးကြပ်မှုဖြင့် ဒေသခံများအား အပ်နှင်းထားခဲ့တယ်။ မြန်မာဒီရေတောများပြန်လည်ပျိုးထောင်ရေးစီမံကိန်းကိုလည်း ဗီယပ်နမ်မှာကဲ့သို့ SK Innovation’s “1% Happiness Sharing Fund.”(2) ရဲ့ ရန်ပုံငွေအထောက်အပံ့ဖြင့် လုပ်ဆောင်ခြင်းဖြစ်တယ်။

(၁) Asian Forest Cooperation Organization (AFoCO): အာရှအစိုးရများအဖွဲ့ဖြစ်ပြီး သက်သေပြထားသော နည်းပညာများနှင့် မူဝါဒတွေကို ခိုင်မာတဲ့ လက်တွေ့လုပ်ဆောင်ချက်များအဖြစ် ပြောင်းလဲကာ ရာသီဥတုပြောင်းလဲမှု၏ အကျိုးသက်ရောက်မှုအား ဖြေရှင်းခြင်းဖြင့် သစ်တောဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို အားပေးရန် ရည်ရွယ်တယ်။ AFoCOရဲ့ ရုံးချုပ်ကတော့ ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ တည်ရှိတယ်။

(၂) 1% Happiness Sharing Fund: မိတ်ဖက်ကုမ္ပဏီများ၊ ညွန့်ပေါင်းအဖွဲ့အစည်းများ၊ ကမ္ဘာလုံးဆိုင်ရာ CSR လှုပ်ရှားမှုများကို ထောက်ပံ့ရန် စီမံထားတဲ့ ကုမ္ပဏီရဲ့ ၁း၁ အချိုးရှိတဲ့ ရန်ပုံငွေနဲ့ SK Innovation ဝန်ထမ်းများရဲ့ အလှုငွေ (အခြေခံလစာရဲ့ ၁%)တို့ကို ပေါင်းထားတဲ့ စုပေါင်းရံပုံငွေ။

 

အခြားတစ်ဖက်မှာတော့၊ SK Innovationရဲ့ ဗီယက်နမ်နိုင်ငံမှာ ၂၀၁၈ခုနှစ်မှ စတင်ခဲ့တဲ့ ဒီရေတောပြန်လည်ထူထောင်ရေးလုပ်ငန်းဟာ ၂၀၂၀ခုနှစ်တွင် ပြီးဆုံးသွားပြီးနောက် ၇၀ဟက်တာ အကျယ်အဝန်းရှိတဲ့ လမုပင်အသစ်ပေါင်း ၃၄၀,၀၀၀ခန့်ကို စိုက်ပျိုးနိုင်ခဲ့တယ်။

 

SK Innovationဟာ ကုမ္ပဏီရဲ့ ESG စီမံခန့်ခွဲမှုတစ်ခုအနေအဖြစ် ဗီယက်နမ်နှင့် မြန်မာနိုင်ငံ ဒီရေတောပြန်လည်ပြုပြင်ခြင်းစီမံကိန်းအပါအ၀င် ဒေသတွင်း ပတ်ဝန်းကျင်ထိမ်းသိန်းရေး၊ စီးပွားရေးတိုးမြှင့်ရေးနှင့် လူနေမှုအဆင့်အတန်း မြှင့်တက်လာရေးကို ရည်ရွယ်သော အမျိုးမျိုးသော လုပ်ဆောင်ချက်များကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်။

 

▲ SK Innovation မှ ရန်ပုံငွေထောက်ပံ့ခဲ့သော မြန်မာနိုင်ငံ ဒီရေတောများပြန်လည်ပျိုးထောင်ရေးစီမံကိန်း

 

 

배너_영문

 

Related story